20 January 2026 _____ Hybrid Meeting
Destination Management Organization (DMO) ဖွဲ့စည်းပုံနှင့် Tourism Board of Myanmar (TBM) ဖွဲ့စည်းပုံတို့အား စနစ်တကျဖွဲ့စည်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးအား ယမန်နေ့ နံနက် (၁၀) ရီတွင် Hybrid စနစ်ဖြင့် ကျင်းပရာ အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်များ၊ ခရီးသွားလုပ်ငန်းတတ်သိပညာရှင်တို့ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ဒုတိယ ဥက္ကဋ္ဌ ဦးသက်လွင်တိုးက နောက်ဆုံးကျင်းပခဲ့သော အလုပ်အမှုဆောင်အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ ယခုအစည်းအဝေးခေါ်ယူခြင်းဖြစ်ပါကြောင်း၊ DMO နှင့်ပတ်သက်၍ လက်ရှိအခြေအနေများအား PowerPoint Presentation ဖြင့် ရှင်းလင်းတင်ပြရာတွင် DMO များ၏ လုပ်ငန်းတာဝန်များ၊ နေ့စဥ်လုပ်ငန်းဆောင်ရွက်ချက်များအပေါ် မှူတည်၍ ဌာနခွဲများ သတ်မှတ်ဖွဲ့စည်းခြင်းနှင့် ဌာနခွဲများအလိုက် ဆောင်ရွက်ရမည့် အသေးစိတ်တာဝန်များ၊ အကောင်အထည်ဖော်ရန် လွယ်ကူသော DMO Guideline/ Manual ရေးဆွဲရန် ကိစ္စများ၊ စသည်တို့အား ရှင်းလင်းတင်ပြပြီး ခရီးသွားလုပ်ငန်းတတ်သိပညာရှင်ဒေါ်ကြည်ကြည်အေးမှ Myanmar Tourism Master Plan အခြေပြု DMO နှင့်ပတ်သက်၍ လိုအပ်သည်များ ရှင်းလင်းတင်ပြခြင်း၊ ဆက်လက်ပြီး တက်ရောက်လာကြသော ညီနောင်အသင်း ကိုယ်စားလှယ်များမှ DMO နှင့်ပတ်သက်၍ ပံ့ပိုးပေးနိုင်မည့် အခြေအနေများနှင့် လိုအပ်သည်များ အကြံပြုဆွေးနွေးကြပြီး အစည်းအဝေးအား နေ့လယ် (၁၂)နာရီတွင် ရုပ်သိမ်းလိုက်သည်။

