04 February 2025 _____ Hybrid Meeting
၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၄) ရက်၊ နံနက် (၁၁) နာရီတွင် Min Myanmar Research Co., Ltd. မှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်မင်းနှင့် ဒါရိုက်တာ ဦးဖြိုးကျော်သူတို့ အဖွဲ့ဝင် (၂) ဦးသည် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်သို့ လာရောက်တွေ့ဆုံရာ အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး၊ အလုပ်အမှုဆောင်များ၊ ခရီးသွားလုပ်ငန်းတတ်သိပညာရှင်နှင့် အကြံပေးပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။
ပထမဦးစွာ အထွေထွေအတွင်းရေးမှူးမှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ ဆက်လက်၍ Min Myanmar Research ကုမ္ပဏီ၊ ဦးအောင်မင်းမှ TRC Project, ပြည်တွင်းနှင့် ပြည်ပဧည့်သည် ဝင်ရောက်မှု Survey လုပ်ဆောင်ခဲ့မှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ ပြန်လည်ရေးဆွဲနေသော Myanmar Tourism Master Plan အတွက် လိုအပ်သော အချက်အလက်များကိုလည်း ပံ့ပိုးပေးမည်ဖြစ်ကြောင်း ပြောကြားခြင်း၊ ဆက်လက်ပြီး ဦးဖြိုးကျော်သူမှ Time Series Forecasting on Visitor Arrivals for 2025 အား Presentation နှင့်တကွ ရှင်းလင်းတင်ပြခဲ့ပြီး ၄င်းအပေါ် တက်ရောက်လာကြသူများမှ ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး အစည်းဝေးအား နေ့လယ် (၁၂)ရီခွဲတွင် ပြီးဆုံးခဲ့သည်။