3 December 2025 _____ Hybrid Meeting
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် မြန်မာ-ထိုင်း ခရီးသွားမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုခရီးစဉ် (Myanmar-Thai FAM Trip) ကို ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပြုလုပ်မည်ဖြစ်ပြီး အဆိုပါကိစ္စနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးအား ဒီဇင်ဘာလ (၃)ရက်၊ နံနက် (၁၀)နာရီတွင် Hybrid စနစ်ဖြင့်ကျင့်ပရာ အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် တက်ရောက်ကြသော အဖွဲ့ချုပ်နှင့် ညီနောင်အသင်း ကိုယ်စားလှယ်များမှ လျာထားခရီးစဥ်နှင့်ပတ်သက်၍ ဆွေးနွေးခြင်း၊ တည်းခိုရေး၊ ဧည့်ခံကျွေးမွေးရေး စသည့် ခန့်မှန်းကုန်ကျစရိတ်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခြင်း၊ ခရီးစဥ်အောင်မြင်ရေးအတွက် လိုအပ်သည်တို့အား ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြသည်။