13 September 2025 _________ Pan Pacific Yangon
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ရန်ပုံငွေရရှိရန် ရည်ရွယ်၍ ရန်ပုံငွေရှာဖွေရေး ဂီတဖျော်ဖြေမှုနှင့် ပန်းချီကားများ လေလံတင် ညစာစားပွဲ အခမ်းအနားအား ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်နေ့၊ စနေနေ့၊ ညနေပိုင်း၊ Pan Pacific Yangon ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ အထူးဧည့်သည်တော်များ၊ အထူးဖိတ်ကြားထားသော သံရုံးများမှ သံအမတ်ကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ပံ့ပိုးကူညီထားသော အဖွဲ့အစည်းများ၊ ကုမ္ပဏီများမှ ကိုယ်စားလှယ်များနှင့် ခရီးသွားလုပ်ငန်းကို ချစ်မြတ်နိုးကြသော ပြင်ပဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် နိုင်ငံကျော် စတူဒီယို တေးသံရှင်များဖြစ်ကြသော တေးသံရှင် ခင်မောင်ထူး၊ တေးသံရှင် မေခလာ၊ တေးသံရှင် ဝိုင်းစုခိုင်သိန်းနှင့် တေးသံရှင် ဖြိုးပြည့်စုံတို့မှ သီဆိုဖျော်ဖြေခဲ့ကြပြီး လေလံတင်အစီစဥ်လည်း ပါဝင်ခဲ့ရာ ပန်းချီပညာရှင်များ လှူဒါန်းထားသော ပန်းချီကားများနှင့် Up Cycled ပရိဘောဂပစ္စည်းများအား လေလံတင်ရောင်းချခဲ့ပြီး တက်ရောက်လာကြသူများမှ အပြိုင်အဆိုင်စျေးပေးကာ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ရန်ပုံငွေရရှိရန်အတွက် ပါဝင်အားဖြည့် ပေးခဲ့ကြသည်။
















