Loading

19 June 2024 _________ MTF
၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၉) ရက်၊ နံနက် (၁၁း၃၀) နာရီတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်သို့ Smooth Travelမှ Sales Manager ဒေါ်ကြည်ကြည်သာနှင့် ကိုယ်စားလှယ် (၁)ဦးမှ လာရောက်တွေ့ဆုံရာ အဖွဲ့ချုပ် ဒစ်ဂျစ်တယ်စီးပွားရေးကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လက်ခံတွေ့ဆုံပြီး Smooth Travel ၏ ဒေါ်ကြည်ကြည်သာ မှ Smooth Travel သည် ရှန်ဟိုင်းအစိုးရမှ အသိအမှတ်ပြုထားသော Online Platform တခုဖြစ်ပါကြောင်း၊ နိုင်ငံအသီးသီးမှာ ရှိသော AVIAREPS ရုံးခွဲများမှတဆင့် တခြားနိုင်ငံမှာရှိသော Local Tour Operator တွေ၊ National Tourism Organization နှင့်ချိတ်ဆက်ပေးနိုင်ပါကြောင်း၊ အဖွဲ့ချုပ်အနေဖြင့် AVIAREPS Member ဖြစ်လာပါက မြန်မာနိုင်ငံ၏ ခရီးစဥ်ဒေသများနှင့် Productများအား AVIAREPS အဖွဲ့ဝင် နိုင်ငံများရှိ ခရီးသွားအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များထံသို့ ဖြန့်ဝေနိုင်ပါကြောင်း ရှင်းလင်းတင်ပြပြီး၊ အဖွဲ့ချုပ်ကော်မတီဥက္ကဋ္ဌမှ ယခုလိုလာရောက်တွေ့ဆုံပြီး ရှင်းပြပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ အသင်းဝင်ဖြစ်လာပါက နှစ်ဦးနှစ်ဖက် ရရှိမည့်အကျိုးကျေးဇူးများ၊ အသင်းဝင်ကြေးနှုန်းထားများနှင့် အခြားသော သိလိုသည်များအား တက်ရောက်ကြသူများမှ မေးမြန်းပြီး အစည်းအဝေးအား (၁၂း၀၀) ပြီးဆုံးခဲ့သည်။