21 October 2024 ______ Virtual Meeting
World Research Travel Organization နှင့်တွေ့ဆုံခြင်း အစည်းအဝေးအား ယမန်နေ့ ညနေ (၃) နာရီတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပရာ World Research Travel Organization ၏ မလေးရှား တာဝန်ခံ အထွေထွေအတွင်းရေးမှူး Ms Mint Leong နှင့် အဖွဲ့ဝင် (၃) ဦးတက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံပွဲတွင် Ms. Mint Leong မှ ၂၀၂၄ ခုနှစ်၊ နိုင်ဝင်ဘာလ ၃-၇ ရက်နေ့ထိ မလေးရှားနိုင်ငံ ပီနန်တွင် ပထမဦးဆုံးအကြိမ် ကျင်းပမည့် Word Research Travel Conference 2024 သို့ မြန်မာနိုင်ငံ မိတ်ဆွေလူကြီးမင်းများအား ဖိတ်ကြားလိုပါကြောင်း၊ အဆိုပါ ပြပွဲအတွက် ပြခန်းနှင့် အခြားပံ့ပိုးမှုများလည်း စီစဥ်ထားပါကြောင်း ဦးစွာ မိတ်ဆက်ပြောကြားပြီး ပြပွဲနှင့်ပတ်သက်၍ Presentation ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်ပြီး အဖွဲ့ချုပ်မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ဖိတ်ကြားမှုအတွက်ကျေးဇူးတင်ရှိပါကြောင်းနှင့် ပြပွဲသို့ တက်ရောက်နိုင်ရန် ဝင်ကြေးနှုန်းထားများနှင့် အခြားသိလိုသည်များအား မေးမြန်းခဲ့ပြီး အစည်းအဝေးအား ညနေ (၄) နာရီတွင် ရုတ်သိမ်းခဲ့သည်။