6 February 2025 _____ Hybrid Meeting
ရုရှားနိုင်ငံတွင် အကြီးဆုံးနည်းပညာကုမ္ပဏီတစ်ခုဖြစ်သော Yandex မှ အာရှပစိဖိတ်ဒေသဆိုင်ရာ အထွေထွေမန်နေဂျာ Mr. Sergey Ustanov နှင့် အဖွဲ့ဝင် (၂)ဦးတို့သည် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ဖေဖေါ်ဝါရီလ (၄)ရက်နေ့တွင် Chatrium Hotel ၌လည်းကောင်း၊ ဖေဖေါ်ဝါရီလ (၆) ရက်နေ့တွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၌ လည်းကောင်း Hybrid စနစ်ဖြင့်တွေ့ဆုံရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ဒုတိယ ဥက္ကဋ္ဌ ၊ အထွေထွေအတွင်းရေးမှူး၊ ဒစ်ဂျစ်တယ်စီးပွားရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ညီနောင်အသင်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် Yandex Ads မှ အာရှပစိဖိတ်ဒေသဆိုင်ရာ အထွေထွေမန်နေဂျာ Mr Sergey Ustanov က Yandex မှ ဝန်ဆောင်မှုပေးနေသော internet service များနှင့်ပတ်သက်၍ ဦးစွာရှင်းလင်းတင်ပြခြင်း၊ မြန်မာနိုင်ငံသို့ ရုရှားခရီးသွားများလည်ပတ်ရာ နေရာတစ်ခုအဖြစ် ဆွဲဆောင်သွားရန် ရုရှားခရီးသွားများ၏ အလေ့အထများအား ရှင်းလင်းတင်ပြခြင်း၊ ဆက်လက်၍ မြန်မာနိုင်ငံသို့ လည်ပတ်ရန် စိတ်ဝင်စားသည့် ရှာဖွေမေးမြန်းမှု အချက်အလက်များအရ ရုရှားခရီးသွားအများစုသည် မြန်မာနိုင်ငံသို့ ခရီးသွားရန် စိတ်ဝင်စားမှုအား ဖော်ပြနေပါကြောင်း၊ ရုရှားခရီးသွားများအကြား သတိပြုမိစေရန်အတွက် မြန်မာနိုင်ငံ၏ ခရီးသွားဒေသ သတင်းများ၊ ဗီဒီယိုများ၊ ဓါတ်ပုံများအား Yandex နှင့် Telegram ကဲ့သို့သော Platforms များအား တွင် လွယ်ကူစွာရှာဖွေ နိုင်ပါက အကျိုးကျေးဇူးရရှိနိုင်ကြောင်း ပြောကြားခဲ့သည်။
အဖွဲ့ချုပ်အနေဖြင့် ယခုလို မြန်မာနိုင်ငံသို့ လာရောက်ပြီး Yandex ဝန်ဆောင်မှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာ့ခရီးသွားလုပ်ငန်းကဏ္ဍအတွက် ရုရှားစကားပြောဈေးကွက်၏ အရေးပါမှုအား သိရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ရုရှားနိုင်ငံ၏ Yandex ကဲ့သို့ နည်းပညာကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ဆောင်သွားရန် စိတ်ဝင်စားသည့်အတွက် ယခုလို တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ လိုအပ်သော action plan များရေးဆွဲ၍ localized website များ တည်ဆောက်ခြင်း၊ ဘာသာပြန်ခြင်းနှင့် အရည်အသွေးမြင့် ခရီးသွားဒေသများ၏ အကြောင်းအရာများ၊ ဗီဒီယိုများ၊ ဓါတ်ပုံများအား အသုံးပြု၍ ဝက်ဆိုဒ်နှင့် Social Media များပေါ်တွင် ထိရောက်စွာ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားကာ တက်ရောက်လာသူများမှ သိလိုသည်များအား မေးမြန်းကာ အစည်းအဝေးအား ညနေ (၅)နာရီတွင် ရုတ်သိမ်းလိုက်သည်။
4 February 2025, Chatrium Hotel
6 February 2025, MTF