မိတ်ဆက်

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ ထူးချွန်ဆုပေးပွဲအစီအစဥ်ကို စနစ်တကျ အကောင်အထည်ဖော်‌ဆောင် နိုင်ရန်အတွက် (၂၀၂၄) ခုနှစ်တွင် အဖွဲ့ချုပ်၏ဒုတိယဥက္ကဋ္ဌ ဒေါက်တာလူမွန်မှ စီမံချက်ကို ဦးဆောင်ရေးဆွဲ၍ အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။

(၂၀၂၄) ခုနှစ်အတွက် ထူးချွန်ဆုပေးရေးဘုတ်အဖွဲ့နှင့် အကြံပေးအဖွဲ့တို့အား ဖွဲ့စည်းနိုင်ခဲ့ပြီး၊ ထူးချွန်သူများကို စနစ်တကျ စိစစ်‌ရွေးချယ်ခဲ့ပါသည်။ ပထမဆုံးအကြိမ် ထူးချွန်ဆုပေးအပ်ပွဲ (၂၀၂၄) အခမ်းအနားကို (၂၉.၃.၂၀၂၅) ရက်နေ့ တွင် ရန်ကုန်မြို့ Pan Pacific Hotel ၌ ကျင်းပပြုလုပ်ခဲ့ပြီး ဆုရရှိသူ (၁၄) ဦးအား ထူးချွန်ဆုများချီးမြှင့်နိုင်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်မှ တက်ရောက်ချီးမြှင့်ခဲ့ပါသည်။

ထူးချွန်ဆုပေးပွဲအစီအစဥ် ရှင်းလင်းဖော်ပြချက်

ဤထူးချွန်ဆုပေးပွဲအစီအစဉ်၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ ရည်မှန်းချက်များ နှင့် တန်ဖိုးထားမှုများကို အားဖြည့်ပေးပါသော မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ အဖွဲ့ဝင်များသာမက မြန်မာ့ ခရီးသွားလုပ်ငန်းတွင် ထူးချွန်သူများကိုအသိအမှတ်ပြုရန်ဖြစ်ပါသည်။ အဖွဲ့ချုပ်မှဦးစီးဆောင်ရွက်သော ထူးချွန်ဆု အစီအစဉ်ဖြစ်သောကြောင့် အဖွဲ့ချုပ်၏အဆောင်အယောင်အဆင့်အတန်းများနှင့် လျော်ညီစွာ ကျင်းပဆောင်ရွက်သွား ပါမည်။

မြန်မာ့ခရီးသွားကဏ္ဍတွင် ပုဂ္ဂလိကခရီးသွားအသင်းအဖွဲ့မှ ချီးမြှင့်သည့် ပထမဦးဆုံးသော ထူးချွန်ဆုပေးသည့် အစီအစဉ်ဖြစ်ပြီး မြန်မာ့ခရီးသွားလုပ်ငန်းတွင် ထိတွေ့ဆက်ဆံမှု၊ ဆန်းသစ်တီထွင်မှု၊ ခေါင်းဆောင်မှုနှင့် ရပ်ရွာလူထု တည်ဆောက်မှုတို့ကို အထောက်အကူပြုသည့် စံချိန်စံညွှန်းတစ်ခု ဖြစ်လာမည်ဖြစ်သည်။ ဤဆုများသည် အဖွဲ့ချုပ်နှင့် ၎င်း၏အဖွဲ့ဝင်များ၏ အလုံးစုံတိုးတက်မှုကိုဖြစ်ပေါ်စေပြီး ပိုမိုတက်ကြွသော၊ ယှဉ်ပြိုင်မှုနှင့် စည်းလုံးညီညွတ်သော လုပ်ငန်းခွင်ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ပါသည်။

မတူညီသောကွဲပြားမှု၊ အားလုံးပါဝင်နိုင်မှုနှင့် ပတ်သက်၍ ထူးချွန်ဆုပေးပွဲအစီအစဉ်သည် အဖွဲ့ချုပ်၏ အဖွဲ့ဝင် အားလုံးကို အရွယ်အစား၊ နောက်ခံ (သို့မဟုတ်) ရာထူးသက်တမ်း မခွဲခြားဘဲ ၎င်းတို့၏စွမ်းဆောင်ရည် (Performance)၊ အောင်မြင်မှု (Acheivement) (သို့မဟုတ်) အဖွဲ့ချုပ်ကို ပံ့ပိုးကူညီမှု (Contribution) အပေါ်အခြေခံ၍ အသိအမှတ် ပြုခံရရန် တူညီသောအခွင့်အရေးများရရှိစေမည်ဖြစ်သည်။

MTF ထူးချွန်ဆုပေးပွဲအစီအစဉ်တွင်် MTF အဖွဲ့ဝင်များအားပေးအပ်သော ထူးချွန်ဆု (Merit Awards) အမျိုးအစားအများစုအတွက် လုပ်ဖော်ကိုင်ဖက်များ အချင်းအချင်းက အမည်စာရင်းတင်သွင်းခြင်း (Peer-to-Peer Nomination) ကို အသုံးပြုမည်ဖြစ်သည်။ အဖွဲ့ဝင်တစ်ဦး၏ ကောင်းမွန်သော လုပ်ဆောင်ချက်၊ အဖွဲ့ချုပ်အပေါ် ပံ့ပိုး ကူညီမှုနှင့် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုကို ကိုယ်တိုင်ကိုယ်ကျနားလည်သော ၎င်းတို့၏ လုပ်ဖော် ကိုင်ဖက်များထံမှ အသိအမှတ်ပြုမှု ရရှိမည်ဖြစ်ပါသည်။

ထူးချွန်ဆုအတန်းအစားများ

ထူးချွန်ဆုအတန်းအစား (၂) မျိုး သတ်မှတ်ထားရှိပါသည်။

(က) အဖွဲ့ချုပ်အပေါ် ၎င်းတို့၏အလေးအနက်ထားသော ပုဂ္ဂိုလ်ရေးကတိကဝတ်နှင့် ပံ့ပိုးကူညီမှုများအတွက် MTF အဖွဲ့ဝင်များအား ပေးအပ်သော ထူးချွန်ဆု (Merit Awards)

(ခ) MTF အဖွဲ့ဝင်များအား ၎င်းတို့လုပ်ငန်းများ၏ စွမ်းဆောင်ရည်တစ်ရပ်ရပ်အတွက် ပေးအပ်သော စီးပွါးရေးထူးချွန်ဆု(Business Excellence Awards)

အချို့သော Merit Awards သည် ရွေးချယ်ခံများအကြား ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အချို့ Merit Awards မှာ ယှဉ်ပြိုင်ရန် မလိုအပ်သည့် ဂုဏ်ထူးဆောင်ဆုများ (သို့မဟုတ်) အောင်မြင်မှုအပေါ် ထပ်ဆင့်အသိအမှတ်ပြုဆုများဖြစ်သည်။

(၂၀၂၄) ခုနှစ်အတွက် MTF ထူးချွန်ဆုပေးပွဲအစီအစဉ် စတင်ကျင်းပချိန်တွင် Merit Awards များကို အကန့်အသတ်ဖြင့်သာ ချီးမြှင့်မည်ဖြစ်ပြီး နောင်တွင် Business Excellence Awards များကို လည်း စီစဉ်ပေးနိုင်ရန်ကြိုးစားမည်ဖြစ်ပါသည်။

MTF ထူးချွန်ဆုပေးပွဲအစီအစဉ်၏ ရည်ရွယ်ချက်များ

၁။ အဖွဲ့ချုပ်၏ တန်ဖိုးထားမှုများနှင့် ရည်မှန်းချက်များကို အားဖြည့်ရန်

၂။ အဖွဲ့ချုပ်၏ ဂုဏ်သိက္ခာနှင့် ယုံကြည်စိတ်ချရမှုကို ပိုမိုခိုင်မာစေရန်

၃။ အဖွဲ့ချုပ်အဖွဲ့ဝင်များ၏ စွမ်းဆောင်ရည်၊ အောင်မြင်မှုနှင့် ပံ့ပိုးကူညီမှုများကို အသိအမှတ်ပြုရန်

၄။ အဖွဲ့ချုပ်အဖွဲ့ဝင်များ၏ ထိတွေ့ဆက်ဆံမှု၊ ပူးပေါင်းပါဝင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားပေးရန်

၅။ မြန်မာ့ခရီးသွားနယ်ပယ်တွင် အကောင်းဆုံး လုပ်ငန်းအလေ့အကျင့်များကို အသိအမှတ်ပြုရန်နှင့် ခေါင်းဆောင်မှုအရည်အသွေးကို မြှင့်တင်ရန်

၆။ မြန်မာ့ခရီးသွားလုပ်ငန်းတွင် ရေရှည်တည်တံ့သော စီးပွားရေးနှင့် ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးကူညီရန်

MTF ထူးချွန်ဆုပေးပွဲအစီအစဉ်မှ မျှော်မှန်းရလဒ်များနှင့် အကျိုးသက်ရောက်မှုများ

၁။ အပြုသဘောဆောင်သော အဖွဲ့အစည်းဆိုင်ရာ ယဉ်ကျေးမှု တည်ဆောက်နိုင်ခြင်း

၂။ အဖွဲ့ဝင်များ၏တိုးတက်မှု၊ သစ္စာစောင့်သိမှုနှင့် စိတ်ကျေနပ်မှုကို မြှင့်တင်ပေးနိုင်ခြင်း

၃။ ယှဉ်ပြိုင်နိုင်စွမ်းနှင့် ဆန်းသစ်တီထွင်မှု ကို အားပေးနိုင်ခြင်း

၄။ အခြေခံစံနှုန်းများဖန်တီးနိုင်ခြင်း

၅။ ခေါင်းဆောင်မှုဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ပေးနိုင်ခြင်း

၆။ အဖွဲ့ဝင်များအကြား ခိုင်မာသောဆက်ဆံရေး တည်ဆောက်နိုင််ခြင်း

Contact Us

No.4, Corner of Merchant Road & Sandaku Road, 3 Ward, Botahtaung Township, Yangon, Myanmar.
Tel : +95 1 203861, 203862
Fax : +95 1 203863
Email : info@mtf.org.mm

Int'l volunteers

Careers

AGM

Other Tourism Sites

www.tourism.gov.mm
www.myanmar.travel
www.visitmyanmar.cn