15 December 2025 ______ Hybrid Meeting
UMTA Travel Fair 2026 ခရီးသွားပြပွဲဖြစ်မြောက်ရေး အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း(UMTA)တို့ ညှိနှိုင်းအစည်းအဝေးအား ယမန်နေ့ နံနက် (၁၀) နာရီတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ရုံး၌ကျင်းပရာ အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ အဖွဲ့ချုပ်အကြံပေး ပုဂ္ဂိုလ်တို့ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း (UMTA) ဥက္ကဋ္ဌက ဦးစွာ မိတ်ဆက်စကားပြောကြားပြီး UMTA Travel Fair 2026 ကျင်းပရန် ဖြစ်ပေါ်လာပုံနှင့် ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြခြင်း၊ အဆိုပါပြပွဲသို့ ဖိတ်ကြားထားသည့် နိုင်ငံတကာခရီးသွားအဖွဲ့အစည်းများ၊ ကုမ္ပဏီများ၊ နိုင်ငံတကာ ပြပွဲကျင်းပသူများ စသည့် ဖိတ်ကြားထားရှိမှုအခြေအနေများ၊ ပြပွဲ ပံ့ပိုးကူညီမှု ရရှိမှုအခြေအနေများနှင့် ခန့်မှန်းကုန်ကျစရိတ်များ၊ ပြပွဲနှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များအတွက် Website (www.umtatravelfair.com) စီစဥ်ထားရှိမှုတို့အား ဦးစွာရှင်းလင်းတင်ပြပြီး TP & Marketing ကော်မတီ ဥက္ကဋ္ဌ ဒေါ်ကေသွယ်က ပြပွဲ စီစဥ်ထားရှိမှု အသေးစိတ်အခြေအနေများနှင့် ဆက်စပ် FAM trip ခရီးစဥ်တို့အား Presentation ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး လိုအပ်သည်များအား အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တက်ရောက်သူများမှ အကြံပြုဆွေးနွေးကာ အစည်းအဝေးအား မွန်းလွဲ (၁၂)နာရီတွင် ရုပ်သိမ်းခဲ့သည်။