Loading

July 10, 2023 _____________ Virtual Meeting
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲအား ဒုတိယမြှောက်နေ့အဖြစ်  ယနေ့  ၁၀.၇.၂၀၂၃ရက်နေ့တွင် Virtual Meetingဖြင့် ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှုးချုပ်နှင့် တာဝန်ရှိသူများ၊ ခရီးသွားနယ်ပယ်မှ ကျွမ်းကျင်ပညာရှင်များ၊ အသင်းအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြပြီး ပထမနေ့ ဆွေးနွေးခဲ့သော အစီအစဥ်မှ “ရန်ပုံငွေရှာဖွေနိုင်မည့်နည်းလမ်းများ” ခေါင်းစဥ်ဖြင့်
(က) ဇုန်ဝင်ကြေးများ
(ခ) နိုင်ငံတော်ဘတ်ဂျက်မှ သင့်လျော်သည့်အချိုးဖြင့် ထောက်ပံ့ခြင်း၊ Tourist Arrival (သို့မဟုတ်) Departure မှ ကောက်ခံခြင်း
(ဂ) Bed tax
(ဃ) Visa fee
(င) Organizing tourism related events: (travel & trade fairs/ conference/ road shows etc.,)
(စ) HR trainings
(ဆ) Entertainment activities ( ဥပမာ- Miss Myanmar, Live show…etc.,) စသည်တို့အား အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီသို့ တင်ပြနိုင်ရေး ဆက်လက်ဆွေးနွေးခဲ့ကြပါသည်။