23 October 2026 _____ Hybrid Meeting
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့၏ (အ-၁၄/၂၃-၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ (၂၃) ရက်နေ့ နံနက် (၁၀) နာရီတွင် Hybrid စနစ်ဖြင့် ကျင်းပရာ အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ အလုပ်အမှုဆောင်များနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ တတ်သိပညာရှင်များ တက်ရောက်ခဲ့ကြသည်။
အစီအစဉ်အရ အဖွဲ့ချုပ်ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဘဏ္ဍာရေးမှူးက အဖွဲ့ချုပ်၏ ဘဏ္ဍာရေးအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ယခင်အလုပ်အမှုဆောင်အစည်းအဝေးများ၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ရန်ကျန်ရှိသည့် အခြေအနေများကို ရုံးအဖွဲ့မှူးက ဖတ်ကြားတင်ပြခဲ့သည်။
ဆက်လက်၍ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးရန်ပုံငွေ ကောက်ခံနိုင်ရေးအတွက် ခရီးသွားလုပ်ငန်းဥပဒေတွင် လိုအပ်သည့် ပြင်ဆင်ဖြည့်စွက်မှုများ ပြုလုပ်နိုင်ရေး၊ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးလုပ်ငန်းအဖွဲ့ (Tourism Promotion Working Group) များမှ သက်ဆိုင်ရာအဖွဲ့အလိုက် တင်ပြလာသည့် Budget Plan များနှင့် Myanmar Tourism Fair 2027 ကျင်းပရေးဆိုင်ရာ နောက်ဆုံးအခြေအနေများကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ထို့ပြင် အမြဲတမ်းကော်မတီများ၏ သက်ဆိုင်ရာလုပ်ငန်းဆောင်ရွက်မှုများကို ကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက အသီးသီးတင်ပြဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ညီနောင်အသင်းများကလည်း ၎င်းတို့၏ လှုပ်ရှားဆောင်ရွက်မှုများကို တင်ပြခဲ့ကြသည်။
အထွေထွေဆွေးနွေးခြင်းအစီအစဉ်တွင် တက်ရောက်လာကြသူများက လိုအပ်သည်များကို အကြံပြုဆွေးနွေးခဲ့ကြပြီး အဖွဲ့ချုပ်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို နေ့လယ် (၂:၃၀) နာရီတွင် ရုပ်သိမ်းခဲ့သည်။