Loading

July 7, 2023 _______________ Hybrid Meeting, MTF

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲအား ၆.၇.၂၀၂၃ရက်နေ့တွင် အဖွဲ့ချုပ်ရုံး၌ ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှုးချုပ်နှင့် တာဝန်ရှိသူများ၊ ခရီးသွားနယ်ပယ်မှ ကျွမ်းကျင်ပညာရှင်များ၊ အသင်းအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြပြီး ပုဂ္ဂလိက ကဏ္ဍမှ ခရီးသွားလုပ်ငန်းတွင် လက်တွေ့ကြုံတွေ့နေရသည့် အခက်အခဲများနှင့်ပတ်သက်၍ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီသို့ တင်ပြနိုင်ရေး အောက်ပါအချက်များအား ဆွေးနွေးခဲ့ကြပါသည်။

၁။ ဗီဇာဖြေလျော့ရေး/ VOA ရရှိရေးကိစ္စ
၂။ ကျန်းမာရေးအာမခံဝယ်ယူနေရသည့်အခက်အခဲ
၃။ Covid19 Vaccination ဖြေလျော့ရေးဆိုင်ရာကိစ္စရပ်များ
၄။ နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းဆိုင်ရာအခက်အခဲများ
၅။ ခရီးသွားများအား မက်လုံးပေးမည့်အစီအစဉ်များ
၆။ ခရီးသွားများ ဘေးကင်းလုံခြုံမှုရှိစေမည့် အစီအမံများ
၇။ လူ့စွမ်းအားဖွံဖြိုးတိုးတက်စေမည့် အစီအစဉ်များ
၈။ လျပ်စစ်ဓါတ်အား ပြတ်တောက်နေသည့်ကိစ္စ
၉။ ခရီးသွားကဏ္ဍမှရရှိသော နိုင်ငံခြားငွေကို မြန်မာကျပ်ငွေဖြင့် တန်ဖိုးသတ်မှတ်လဲလှယ်ခြင်းကိစ္စ
၁၀။ Tourism SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး
၁၁။ ပြည်တွင်းလေကြောင်းလိုင်းများ အကန့်အသတ်ဖြစ်ခြင်းအခက်အခဲ
၁၂။ ရန်ပုံငွေရှာဖွေနိုင်မည့်နည်းလမ်းများ
          (က) ဇုန်ဝင်ကြေးများ
          (ခ) နိုင်ငံတော်ဘတ်ဂျက်မှ သင့်လျော်သည့်အချိုးဖြင့် ထောက်ပံ့ခြင်း၊ Tourist Arrival (သို့မဟုတ်) Departure မှ ကောက်ခံခြင်း
          (ဂ) Bed tax
          (ဃ) Visa fee
          (င) Organizing tourism related events: (travel & trade fairs/ conference/ road shows etc.,)
          (စ) HR trainings
          (ဆ) Entertainment activities ( ဥပမာ- Miss Myanmar, Live show…etc.,)

၁၃။ ထပ်မံဖြည့်စွက်ဆွေးနွေးလိုသည့်အကြောင်းအရာများနှင့် အထွေထွေဆွေးနွေးတို့ခြင်းဖြင့် အလုပ်ရုံးဆွေးနွေးပွဲ ပြီးဆုံးခဲ့ပါသည်။

မှတ်တမ်းဓါတ်ပုံများ