17 August 2026 ________ Hybrid Meeting
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ချီးမြှင့်မည့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဝန်ဆောင်မှုအကောင်းဆုံးဆု (Service Excellence Awards) ရွေးချယ်ရေးအတွက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF)၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း (UMTA) နှင့် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (MHA) တို့မှ တာဝန်ရှိသူများ ညှိနှိုင်းအစည်းအဝေးအား အွန်လိုင်းစနစ်ဖြင့် ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ဆုရွေးချယ်ရာ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI/JB) ဟိုတယ်များနှင့် တိုင်းရင်းသားပိုင်ဟိုတယ်များဟူ၍ ကဏ္ဍနှစ်ခုခွဲကာ ပထမ၊ ဒုတိယနှင့် တတိယဆုများ ရွေးချယ်သွားရန်၊ ဆုရွေးချယ်ရာတွင် ဝန်ဆောင်မှုအရည်အသွေး၊ အခွန်စည်းကမ်းလိုက်နာမှု၊ CSR ဆောင်ရွက်မှု၊ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုမှုနှင့် ရေရှည်တည်တံ့သော လုပ်ဆောင်ချက်များအပါအဝင် အချက် (၈) ချက်ကို အခြေခံ၍ အမှတ်ပေးစနစ်ဖြင့် စိစစ်သွားနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
လျှောက်ထားသည့်လုပ်ငန်းများအနေဖြင့် သက်ဆိုင်ရာ အချက်အလက်များ၊ ဓာတ်ပုံနှင့် ဗီဒီယိုမှတ်တမ်းများ တင်ပြရမည်ဖြစ်ပြီး သက်ဆိုင်ရာ ညီနောင်အသင်းများက ပဏာမစိစစ်ကာ အဖွဲ့ချုပ်သို့ ဩဂုတ်လ ၂၀ ရက်နေ့ နောက်ဆုံးထားတင်သွင်းရမည်ဖြစ်ပြီး စက်တင်ဘာလ ၄ ရက်နေ့တွင် အဖွဲ့ချုပ်မှ အပြီးသတ်စိစစ်အတည်ပြုကာ ရွေးချယ်ထားသောစာရင်းကို အချိန်မီ ဝန်ကြီးဌာနသို့ ပေးပို့သွားနိုင်ရေး တက်ရောက်ကြသူများမှ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

