Loading

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MYANMAR TOURISM FEDERATION)သည် အောက်ပါကုန်အမှတ်တံဆိပ်ကို တစ်ဦးတည်းမှုပိုင်အဖြစ် ရန်ကုန်မြို့ စာချုပ်စာတမ်းများ မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ထားပြီး ဖြစ်ပါသည်။


4384/2014

အထက်ပါ ကုန်အမှတ်တံဆိပ်ဖြင့် မြန်မာနိုင်ငံအတွင်းတွင်လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာတွင်လည်းကောာင်း၊ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကိစ္စများကို ဆောင်ရွက်လျှက်ရှိပါသည်။ သို့ဖြစ်ပါ၍ အထက်ပါကုန်အမှတ်တံဆိပ်ကို မည်သူမဆို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ လိမ်လည်အတုပြုလုပ်ခြင်း၊ ဆင်တူ ယိုးမှားပြုလုပ်ခြင်း၊ အများပြည်သူ ထင်ယောင်ထင်မှား ဖြစ်စေခြင်းတို့ ဖြစ်ပေါ် နိုင်ရန်အတွက် ကုန်ပစ္စည်းတင်ထုတ်ရောင်းချခြင်းများကို တွေ့ရှိရပါက တည်ဆဲဥပဒေများနှင့် အညီ ထိရောက်စွာ တရားစွဲဆို အရေးယူသွားမည်ဖြစ်ကြောင်း သတိပေး ကြေညာအပ်ပါသည်။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MYANMAR TOURISM FEDERATION)၏ လွှဲအပ်ညွှန်ကြားချက်အရ –
ဦးခင်ဝင်း
ဥပဒေအကျိုးဆောင် (စဥ်-၂၆၅၇)
BA, HGP, RL, DBL, DIL, DML
MPA, MA(BL)PGDIT(New Delhi)D.Lap
WIPO;DL 101

(ရုံး) အမှတ်-၂၄၄၊ ရွှေဘုံသာလမ်း(လယ်)၊ ပန်းပဲတန်းမြို့နယ်၊ ရန်ကုန်မြို့။
(အိမ်) အမှတ်-၄၊ ပိတောက်လမ်း၊ (၆)ရပ်ကွက်၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း – ၂၉၈၃၇၈၊ ၀၉၅၀၀၈၅၈၃

၂၀၁၃ခုနှစ်၊ ဧပြီလ(၁၀)ရက်။           မြန်မာ့အလင်း ၊ စာ ၁၁