Loading

8 February 2024 _____ Hybrid Meeting
၂၀၂၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၈)ရက်၊ နေ့လယ် (၁) နာရီတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား Hybrid စနစ်ဖြင့် ကျင်းပရာ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင်များနှင့် ခရီးသွားလုပ်ငန်းတတ်သိပညာရှင် အကြံ‌ပေးတို့ တက်ရောက်ကြသည်။
အစီအစဥ်အရ ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဘုတ်အဖွဲ့ (Myanmar Tourism Development Board – MTDB)နှင့်ပတ်သက်၍ ယခင်ဆွေးနွေးထားသော လျာထားဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များအား အပြီးသတ်တင်ပြနိုင်ရေး အသေးစိတ်ညှိနှိုင်းဆွေးနွေးခြင်း၊ မြန်မာ-တရုတ် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးလုပ်ငန်းအဖွဲ့နှင့် မြန်မာ-ရုရှား ခရီးသွားလုပ်ငန်းမြှင့်တင်ရေးလုပ်ငန်းအဖွဲ့များ ပြန်လည်ဖွဲ့စည်းနိုင်ရေးနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခြင်း၊ အထွေထွေဆွေးနွေးခြင်းအစီအစဥ်အတွင် တက်ရောက်သူများမှ လိုအပ်သည်များအား အကြံပြုဆွေးနွေးခြင်း၊ ဆက်လက်၍ ခရီးသွားလုပ်ငန်းတတ်သိပညာရှင် အကြံ‌ပေးမှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ( ၂၄-၂၈)ရက်နေ့များတွင် Asian Ecotourism Network ( AEN) မှ ကျင်းပခဲ့သော AGM သို့ အဖွဲ့ချုပ် ကိုယ်စား တက်ရောက်ခဲ့သည့် အတွေ့အကြုံများနှင့်ပတ်သက်၍ ရှင်လင်းတင်ပြ ပြီး အဖွဲ့ချုပ် ဥက္ကဋ္ဌမှ နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးအား ညနေ (၄)နာရီတွင် ပြီးဆုံးခဲ့သည်။