5 October 2026 _____ Hybrid Meeting
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF) ၏ စျေးကွက်မြှင့်တင်ရေးနှင့် ဒစ်တယ်စီးပွားရေးကော်မတီ ( ၁/ ၂၀၂၆) အစည်းအဝေးအား ယမန်နေ့ နံနက် (၁၁)နာရီတွင် Hybrid စနစ်ဖြင့်ကျင်းပရာ ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ခရီးသွားလုပ်ငန်းကဏ္ဍ စျေးကွက်မြှင့်တင်ရေးလုပ်ငန်းများအတွက် ဘတ်ဂျက်၊ ဒီဂျစ်တယ်နည်းပညာနှင့် လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် ဈေးကွက်မြှင့်တင်ရေးနှင့် ဒစ်ဂျစ်တယ်စီးပွားရေးကော်မတီ၏ ဘတ်ဂျက်အစီအစဉ်များ၊ လက်ရှိ ဝက်ဘ်ဆိုက်နှင့် Domain များ အသုံးချရေး၊ တရုတ်ခရီးသွားဈေးကွက် မြှင့်တင်ရေးအတွက် visitmyanmar_cn website အား လိုအပ်သည်များ ထပ်မံတိုးမြှင့်တည်ဆောက်သွားနိုင်ရေး၊ AI နည်းပညာနှင့် ဒီဂျစ်တယ်ငွေပေးချေမှုစနစ်များ အသုံးပြုနိုင်ရေး၊ OTA ဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ပြည်တွင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးတို့ကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ထို့အပြင် ကော်မတီ၏ လုပ်ငန်းအင်အားတိုးမြှင့်ရေးအတွက် Intern များအား တာဝန်များခွဲဝေကာ လုပ်ငန်းများတိုးမြှင့်ဆောင်ရွက်သွားနိုင်ရေး၊ Google SEO နှင့် Content Marketing တို့အား ပညာရှင်များနှင့် ပူးပေါင်း၍ ဒစ်ဂျစ်တယ်ခရီးသွားကဏ္ဍ လျင်မြန်မာစွာတိုးတက်လာရေး ညှိနှိုင်းဆွေးနွေးခဲ့ကြည်။


