Loading

17 November 2023 _________ MTF
၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်၊ နေ့လယ် (၁) နာရီတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်သို့ တရုတ်ခရီးသွားမြှင့်တင်ရေးအတွက် Exploring Myanmar Travel & Tour Company မှ ဥက္ကဋ္ဌ Mr. David နှင့် အဖွဲ့ဝင် (၂) ဦးမှ လာရောက်တွေ့ဆုံရာ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ ၊တွဲဖက် အထွေထွေအတွင်းရေးမှူး၊ တရုတ်ခရီးသွားမြှင့်တင်ရေးလုပ်ငန်းအဖွဲ့မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လက်ခံတွေ့ဆုံပြီး မြန်မာမာနိုင်ငံသို့ တရုတ်ခရီးသွားများ ပိုမိုလာရောက်နိုင်ရေးအတွက် တရုတ်လူမျိုးများ အများဆုံး အသုံးပြုသော Social Media Platform များအား အသုံးပြု၍ မြန်မာနိုင်ငံနှင့် ခရီးစဥ်ဒေသများအကြောင်း ပိုမိုသိရှိလာစေရန် Digital Marketing ပိုင်းတွင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်တို့အား ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။