Loading

July 25, 2023 __________ Myanmar – Chinese Chamber of Commerce
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ခရီးသွားလာရေး ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် Jilin City (China) People’s Association for Foreign Countries ချစ်ကြည်ရေးအသင်းတို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးပွဲအခမ်းအနားအား ယနေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်၌ ကျင်းပရာ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေအတွင်းအရေးမှုးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ် ဥက္ကဌ Lin Wen Meng၊ တရုတ်-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက် မြှင့်တင်ရေးအသင်း ဥက္ကဌ Li Fu Quan၊ မြန်မာနိုင်ငံမှ တရုတ်စီးပွားရေးကိုယ်စားလှယ်များနှင့် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် နှစ်ဖက်ပြည်သူတွေအကြား တန်းတူညီမျှမှုနှင့် နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည့် ခရီးသွားလာရေး ယဉ်ကျေးမှု အခြေခံအရင်းအမြစ်များကို ပံ့ပိုးကူညီရန်နှင့် ခရီးသွားလုပ်ငန်းအတွက် သင့်လျော်သော ဦးစားပေး မူဝါဒများ ချမှတ်နိုင်ရေး၊ နှစ်ဖက်စလုံးမှ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ပြည်သူများ ပူးပေါင်းမြှင့်တင်သွားရန် သဘောတူညီခဲ့ကြသည်။
ထို့နောက် အခမ်းအနားအား နံနက် ၁၀နာရီခွဲတွင် ပြီးဆုံးခဲ့သည်။

MOU of Establishing “Mutual Tourist Destinations” Between Jilin City People’s Association for Friendship with Foreign Countries and Myanmar Tourism Federation.
In order to further deepen the development of tourism between China and Myanmar, Jilin City (China) People’s Association for Friendship with Foreign Countries and Myanmar Tourism Federation agreed to establish a city relationship of making “Jilin City and Mandalay City mutual tourist destinations” after friendly consultation.
The two sides agreed to jointly promote the people of the two cities to support their cultural tourism resources on the basic of equality and mutual benefit, and coordinate relevant departments to provide appropriate preferential policies for cultural tourism, so as to stimulate the development of cultural tourism on both sides.