Loading

4 March 2024 __________ MTF
၂၀၂၄ ခုနှစ်၊ မတ်လတွင် Silver Sea International Ltd မှ ကျင်းပသွားမည့် Summer Travel Fair 2024 ပြပွဲ ကူညီပံ့ပိုးရေးဆိုင်ရာ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် Silver Sea International Ltd တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးပွဲအခမ်းအနားအား ယမန်နေ့ (၃)နာရီတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၌ ကျင်းပရာ အဖွဲ့ချုပ်မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ Silver Sea International Ltd. မှ အုပ်ချုပ်မှုဒါရိုက်တာနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် Summer Travel Fair 2024 ကျင်းပရာတွင် နှစ်ဦးနှစ်ဖက်အကြား ကူညီပံ့ပိုးရေးဆိုင်ရာများ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။
၄င်းနောက် အခမ်းအနားအား ညနေ (၄) နာရီတွင် ပြီးဆုံးခဲ့သည်။