Loading

27 February 2024 _____ Virtual Meeting
၂၀၂၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ ( ၂၇ ) ရက်နေ့၊ နေ့လယ် (၃း၃၀) နာရီတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ နိုင်ငံတကာဆက်ဆံရေးနှင့် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား Virtual စနစ်ဖြင့် ကျင်းပရာ ကော်မတီ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အစီအစဥ်အရ ကော်မတီ ဥက္ကဋ္ဌမှ နှုတ်ခွန်းဆက် စကားပြောကြားပြီး ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအရ နိုင်ငံတကာသံရုံးများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် တွေ့ဆုံမည့် အစီအစဥ်များဆွေး‌နွေးခြင်း၊ ခရီးသွားလုပ်ငန်းနှင့်ဆက်စပ် နိုင်ငံတကာအဖွဲ့အစည်းများသို့ အဖွဲ့ဝင်အဖြစ် ဝင်ရောက်နိုင်ရေးဆွေးနွေးခြင်းနှင့် အထွေထွေဆွေးနွေးခြင်းအစီအစဥ်တွင် တက်ရောက်သူများမှ ဆွေးနွေးချက်များအပေါ် ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပြီး (၄း၁၅)နာရီတွင် အစည်းအဝေး ပြီးဆုံးခဲ့သည်။