Loading

၁၉ ဇန်နဝါရီလ ၂၀၂၄၊ ရန်ကုန်မြို့။
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အသင်းသားရေးရာကော်မတီမှဦးဆောင်၍ အဖွဲ့ချုပ်အလုပ်အမှုဆောင်များ၊ ဟိုတယ်/ခရီး ဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီးရုံးမှ ဒုတိယညွှန်ကြားရေးမှူး၊ အဖွဲ့ချုပ် အသင်းသားများ နှင့်လုပ်ငန်းရှင်များ ပါဝင်သောလေ့လာရေးအဖွဲ့သည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ပါရမီလမ်းမပေါ်ရှိ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာသို့ သွားရောက်လေ့လာခဲ့ပါသည်။

လေ့လာရေးအစီအစဉ်အတွင်း နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိပုဂ္ဂိုလ်များက စင်တာနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းနှင့် နျူကလီးယားနည်းပညာကို အသုံးပြု၍ ကျန်းမာရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍနှင့် အခြားစက်မှုကဏ္ဍများတွင် လူသားကောင်းကျိုးအတွက် အသုံးချနိုင်သော နည်းပညာများကို ရှင်းလင်းတင်ပြခဲ့ကြသည်။

လေ့လာရေးခရီးစဥ်အပြီးတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် လေ့လာရေးအဖွဲ့က သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာ ညွှန်ကြားရေးမှူးနှင့် အဖွဲ့အား အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ကာ မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့အနေဖြင့် ယခုလေ့လာရေးခရီးစဥ်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ကူညီပံ့ပိုးပေးပါသော သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန နှင့်နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာဌာနမှ ညွှန်ကြားရေးမှုးအပါအဝင် တာဝန်ရှိပုဂ္ဂိုလ်များ၊ ခရီးစဉ်ကို လိုက်ပါပေးပါသော ဟိုတယ်/ခရီး ဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီးရုံးမှ ဒုတိယညွှန်ကြားရေးမှူး နှင့် အဖွဲ့ချုပ်အသင်းသားများကို ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါသည်။