Loading

November 23, 2016 _______ Novotel Yangon Max, Yangon.
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ပထမ အကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးနှင့် အလုပ်အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားအား  ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၂၃) ရက်နေ့ နေ့လယ် (၃)နာရီတွင် Novotel Yangon Max ဟိုတယ်၌ ကျင်းပခဲ့ရာ အလုပ်အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲကျင်းပရေးကော်မရှင်ဥက္ကဌ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန  အမြဲတမ်းအတွင်းဝန် ဦးရည်မွန်နှင့် ကော်မရှင် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌ ဦးရန်ဝင်းနှင့် အလုပ်မှုဆောင်များ၊ ဆန္ဒမဲပေးကြမည့် ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အခမ်းအနား အစီအစဥ်အရ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးရည်မွန်မှ နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌ ဦးရန်ဝင်းမှ အဖွင့် အမှာကားပြောကြားခြင်း၊ အထွေထွေအတွင်းရေးမှူး ဦးကြည်သိန်းကိုမှ နှစ်ပတ်လည်အစီရင်ခံစာ (၂၀၁၁-၂၀၁၆)အား ဖတ်ကြားတင်ပြခြင်း၊ ဘဏ္ဍာရေးမှုး ဦးသန်းရွှေမှ (၂၀၁၁-၂၀၁၆) ဘဏ္ဍာရေးနှစ်အတွက် နှစ်ချုပ်ငွေစာရင်းရှင်းတမ်းအား ဖတ်ကြားတင်ပြခြင်းနှင့် တက်ရောက်သူများမှ နှစ်ပတ်လည် အစီရင်ခံစာနှင့် ဘဏ္ဍာရေး နှစ်ချုပ်ငွေစာရင်း ရှင်းတမ်းအား  ကန့် ကွက်သူမရှိ တည်ပြုကြသည်။

ဆက်လက်၍ ဆက်လက်၍ ‌ရွေးကောက်ပွဲကော်မရှင်မှ အလုပ်အမှုဆောင်ဟောင်းများ နုတ်ထွက်ကြောင်းကြေငြာခြင်းနှင့် အလုပ်အမှုဆောင်အဖွဲ့သစ် ရွေးချယ်ရေးဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းတင်ပြပြီးနောက် (၂၀၁၇-၂၀၁၉)ခုနှစ် အမှုဆောင်သက်တမ်းရွေးချယ်ရေးအတွက် ဗဟိုအလုပ်မှုဆောင်အဆိုပြုလွှာများအား သဘာပတိအဖွဲ့မှ ဖတ်ကြားကြေငြာခြင်း၊ ၄င်းနောက် အစီအစဥ်အတိုင်း လွတ်လပ်စွာ ဆန္ဒမဲပေးခဲ့ကြပြီး ထွက်ပေါ်လာသော အလုပ်အမှုဆောင်အဖွဲ့သစ်စာရင်းအား သဘာပတိအဖွဲ့မှ ဖတ်ကြားကြေငြာပြီး (၂၀၁၇-၂၀၁၉) ရွေးချယ်တင်မြှောက်ခြင်းခံရသော  အလုပ်အမှုဆောင်အဖွဲ့သစ်ကိုယ်စား  ဥက္ကဋ္ဌ မှ နှုတ်ခွန်းဆက်စကားပြောကြားပြီး ရှေးလုပ်ငန်းစဥ်များအား တင်ပြခဲ့သည်။

၄င်းနောက် အလုပ်အမှုဆောင်သစ်များ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားအား ညနေ (၆)နာရီတွင် ပြီးဆုံးခဲ့သည်။

ပထမအကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးနှင့် အလုပ်အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲအခမ်းအနား မှတ်တမ်းဓါတ်ပုံများ