Loading

3 April 2024 _____ Hybrid Meeting
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အသင်းသားရေးရာကော်မတီ၏ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့  ညှိနှိုင်းအစည်းအဝေးအား ယမန်နေ့ နေ့လယ် (၁) နာရီတွင် Hybrid System ဖြင့် ကျင်းပရာ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူး၊ အဖွဲ့ချုပ် အသင်းသားရေးရာကော်မတီ၏ ဥက္ကဋ္ဌ၊ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ခရီးသွားလုပ်ငန်းစုရှိ လူ့စွမ်းအားအရင်းအမြစ်များအား စုစည်းနိုင်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဥ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။