Loading

14 March 2024 _____ Virtual Meeting
ဗဟိုကော်မတီနှင့် ခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်များနှင့် စပ်လျဥ်း၍ ညှိနှိုင်းအစည်းအဝေးအား နံနက် (၉း၃၀) နာရီတွင် Virtual စနစ်ဖြင့် ကျင်းပရာ အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌများ၊ အလုပ်အမှုဆောင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါအစည်းအဝေးတွင် Meditation Tourism မြှင့်တင်ရန် သာသနာရေးဗီဇာဖြင့် ဝင်ရောက်လာပြီး Long Stay နေထိုင်လိုသူများအတွက် ညှိနှိုင်းဆွေးနွေးခြင်း၊ ခရီးသွားဧည့်သည်များ သွားလာရာတွင် အချိန်နှောင့်နှေးကြန့်ကြာမှုများ မဖြစ်ပေါ်စေရန် ကြိုတင်ပြင်ဆင်ရမည့်ကိစ္စများနှင့်ပတ်သက်၍ဆွေးနွေးခြင်း၊ ခရီးသွားဧည့်သည်များအတွက် ပိုမိုအဆင်ပြေစေရန် အင်္ဂလိပ်၊ ရုရှား၊ တရုတ်ဘာသာစကားများဖြင့် လမ်းညွှန်ဆိုင်းဘုတ်များ ထားရှိနိုင်ရေး ဆွေးနွေးခြင်း၊ ခရီးသွားလုပ်ငန်း အလျင်အမြန် ပြန်လည်ဦးမော့လာစေရန် Green Season Promotion Campaign များ နှစ်စဥ်ဆောင်ရွက်သွားနိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်း၊ မြန်မာ့ရိုးရာအစားအသောက်များ၏ အစားအသောက် ချက်ပြုတ်ပြသမှုများအား စိတ်ဝင်စားဖွယ် ရိုက်ကူး၍ Digital Marketing စနစ်ဖြင့် မြှင့်တင်နိုင်ရေး ဆွေးနွေးခြင်း၊ ပြည်တွင်းလေယဥ်လက်မှတ်များ၏ Cancellation နှုန်းထားနှင့်ပတ်သက်၍ နှစ်ဦးနှစ်ဖက် အဆင်ပြေစေမည့် နှုန်းထားနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခြင်း၊ ၄င်းနောက် တက်ရောက်သူများမှ ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအား နံနက် (၁၁)နာရီတွင် ပြီးဆုံးခဲ့သည်။