Loading

18 January 2024 _____ Hybrid Meeting
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၈)ရက်၊ နံနက် (၁၀) နာရီတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ / စီမံခန့်ခွဲရေးကော်မတီ၏ (ဗစ-၂/၂၃-၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား Hybrid စနစ်ဖြင့် ကျင်းပရာ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌများ၊ ဗဟိုအလုပ်အမှုဆောင်များနှင့် ခရီးသွားလုပ်ငန်းတတ်သိပညာရှင် အကြံ‌ပေးတို့ တက်ရောက်ကြသည်။
အစီအစဥ်အရ ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားပြီး ဘဏ္ဍာရေးမှူးမှ ဘဏ္ဍာရေးရှင်းတမ်းအား ရှင်လင်းတင်ပြခြင်း၊ ပထမအကြိမ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ / စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲအခြေအနေများအား ရုံးအဖွဲ့မှူးမှ တင်ပြခြင်း၊ ဗဟိုအလုပ်အမှုဆောင်များအား ဖိတ်ကြား၍ ကျင်းပခဲ့သည့် အစည်းအဝေးများအား မှတ်တမ်းတင်ခြင်း၊ အသင်းဝင်အဖြစ် လျှောက်ထားလာသော အသင်းဝင် (၃)ဦးအား အဖွဲ့ချုပ်၏ ဖွဲ့စည်းပုံအခြေခံစည်းမျဥ်းအရ ညှိနှိုင်းဆွေးနွေးကြပြီး အစည်းအဝေးတက်ရောက်လာသော ဗဟိုအလုပ်အမှုဆောင်များမှ ကန့်ကွက်မည့်သူ ရှိ မရှိ မေးမြန်းပြီး ကန့်ကွက်မည့်သူမရှိသည့်အတွက် အသင်းသားရေးရာကော်မတီမှ အသင်းဝင်အဖြစ် ဖတ်ကြားအတည်ပြုခြင်း၊
အမြဲတမ်းကော်မတီများမှ သက်ဆိုင်ရာ ကော်မတီအလိုက် လှုပ်ရှားဆောင်ရွက်မှုများအား တင်ပြခြင်းနှင့် အထွေထွေဆွေးနွေးခြင်း အစီအစဥ်တွင် တက်ရောက်လာသည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များမှ အမြဲတမ်းကော်မတီများ၏ တင်ပြချက်များအပေါ် ဝိုင်းဝန်းဆွေးနွေးကြပြီး ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားကာ နေ့လယ် (၁၂း၃၀) နာရီတွင် အစည်းအဝေးပြီးဆုံးခဲ့သည်။