30 September 2026 ______ MTF
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့/စီမံခန့်ခွဲရေးကော်မတီ၏ (ဗစ-၁၀/၂၃-၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက် (ဗုဒ္ဓဟူးနေ့)၊ နံနက် ၁၁:၀၀ နာရီတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌကိုယ်စား အထွေထွေအတွင်းရေးမှူးမှ ဦးဆောင်ကျင်းပကာ ပထမဦးစွာ အဖွဲ့ချုပ်၏ ဘဏ္ဍာရေးရှင်းတမ်းအား ဘဏ္ဍာရေးမှူးက ရှင်းလင်းတင်ပြခြင်း၊ ယခင်ဗဟိုအလုပ်အမှုဆောင်အဖွဲ့/စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးများ၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲအခြေအနေနှင့် ဆောင်ရွက်ရန်ကျန်ရှိလုပ်ငန်းစဉ်များအား တင်ပြခြင်း၊ Swisscontact နှင့် MTF တို့အကြား ချုပ်ဆိုခဲ့သည့် သဘောတူစာချုပ်ကိစ္စနှင့် ရှေ့ဆက်လုပ်ငန်းစဉ်များ ဆွေးနွေးတင်ပြခြင်း၊ MTF CEC/EC များမှ အဖွဲ့ချုပ်ကိုယ်စားပြု ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ဆွေးနွေးခြင်း၊ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအသစ်အရ လစ်လပ်ရာထူးများ ဖြည့်စွက်ခြင်းကိစ္စ ဆွေးနွေးခြင်း၊ မြန်မာ့ခရီးသွားပြပွဲ ၂၀၂၇ (Myanmar Tourism Fair 2027) ကျင်းပနိုင်ရေးကိစ္စ ဆွေးနွေးခြင်း၊ ခရီးသွားမြှင့်တင်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌများက သက်ဆိုင်ရာလုပ်ငန်းအဖွဲ့အလိုက် ဆောင်ရွက်မည့် ခရီးသွားမြှင့်တင်ရေးအစီအစဉ်များအား တင်ပြခြင်း၊ အမြဲတမ်းကော်မတီများက သက်ဆိုင်ရာကော်မတီအလိုက် လှုပ်ရှားဆောင်ရွက်မှုများအား ဆွေးနွေးတင်ပြခြင်း၊ အထွေထွေဆွေးနွေးခြင်းအစီအစဉ်တွင် တက်ရောက်လာကြသူများမှ လိုအပ်သည်များအား အကြံပြုဆွေးနွေးကြပြီး အဖွဲ့ချုပ်ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးအား ညနေ ၃:၃၀ နာရီတွင် ရုတ်သိမ်းလိုက်သည်။


