Loading

25 March 2024 _______ Hybrid Meeting
၂၀၂၄ ခုနှစ်၊ မတ်လ (၂၅) ရက်နေ့၊ နေ့လယ် (၂း၀၀) နာရီတွင် ဘဏ္ဍာရေးကော်မတီ၏ (၂/၂၀၂၄) လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား Hybrid စနစ်ဖြင့် ကျင်းပရာ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ကော်မတီ ဒုတိယဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ တက်ရောက်ကြပြီး အစီအစဥ်အရ ဘဏ္ဍာရေးကော်မတီ ဥက္ကဋ္ဌ ကိုယ်စား အဖွဲ့ချုပ် ဥက္ကဋ္ဌမှ နှုတ်ခွန်းဆက် စကားပြောကြားခြင်း၊ အဖွဲ့ချုပ် အလုပ်အမှုဆောင်အစည်းအဝေး (အ-၂/၂၃-၂၆) ဆုံးဖြတ်ချက်အရ အမြဲတမ်းကော်မတီများမှ အဖွဲ့ချုပ်ဘဏ္ဍာငွေသုံးစွဲခြင်းနှင့်ပတ်သက်၍ ဘဏ္ဍာရေးကော်မတီမှ ချမှတ်ထားသော မူဝါဒများအား ဖတ်ကြားတင်ပြခြင်း၊ သင်တန်းကျောင်းများအား ထောက်ခံချက်လက်မှတ်ထုတ်ပေးခြင်းနှင့်ပတ်သက်၍ ဆွေးနွေးခြင်း၊ ကော်မတီသို့ တင်ပြလာသည့် ဘတ်ဂျက်များနှင့်ပတ်သက်၍ ဆွေးနွေးခြင်း၊ ဘဏ္ဍငွေရရှိရေး ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဥ်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခြင်း စသည်တို့အား တက်ရောက်သူများမှ ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပါသည်။