Loading

18 December 2023 __________ Virtual Meeting
၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီတွင် ဘဏ္ဍာရေးကော်မတီ၏ (၂/၂၀၂၃) လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား Virtual စနစ်ဖြင့် ကျင်းပရာ ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ကြပြီး အစီအစဥ်အရ ကော်မတီဥက္ကဋ္ဌမှ နှုတ်ခွန်းဆက် စကားပြောကြားခြင်း၊ ဘဏ္ဍာရေးကော်မတီ၏ ပထမအကြိမ် (၁/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခြင်း၊ အဖွဲ့ချုပ်၏ ဘဏ္ဍာငွေတိုးပွားရရှိရေးအတွက် ရှေ့လုပ်ငန်းစဥ်များအား တက်ရောက်ကြသူများမှ ဝိုင်းဝန်းဆွေးနွေး အကြံပေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။