Loading

July 21, 2023 _________ Kumudra Ball Room, Hotel Max, Nay Pyi Taw
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ၂၀၂၃ခုနှစ်၊ ဇူလှိုင်လ(၂၁)နေ့က နေပြည်တော်ရှိ Hotel Max ၊ Kumudra Ballroom ၌ ကျင်းပရာ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌ၊ ညီနောင်အသင်းများမှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးခွဲတာဝန်ခံများ တက်ရောက်ကြသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် တက်ရောက်ကြသည့် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌ၊ ညီနောင်အသင်းများမှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များမှ ခရီးသွားလုပ်ငန်းဆိုင်ရာ အဓိကအရေးပါသည့် (Key Tourism Issues) ကဏ္ဍ (၅)ရပ်ဖြစ်သော
ခရီးသွားလုပ်ငန်း လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားဧည့်သည်များ လုံခြုံစွာ ဝင်/ထွက် သွားလာရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ တိုးတက်လာစေရေး၊ ငွေကြေးသုံးစွဲမှု လွယ်ကူအဆင်ပြေစေရေးနှင့် ခရီးသွားမြှင့်တင်ရေး ရန်ပုံငွေထူထောင်ရေး၊ ခရီးသွားလုပ်ငန်း အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ခရီးသွားထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဈေးကွက်မြှင့်တင်ရေး စသည်တို့အား အဖွဲ့(၅)ဖွဲ့ခွဲကာ ကိုယ်စားလှယ်များက သက်ဆိုင်ရာခေါင်းစဉ်အလိုက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ဖော်ထုတ်ဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ညွှန်ကြားရေးမှူးချုပ် ဦးလှိုင်ဦးက အလုပ်ရုံဆွေးနွေးပွဲမှ ထွက်ပေါ်လာသည့် ရလဒ်များအပေါ် အကျဉ်းချုပ်ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

မှတ်တမ်းဓါတ်ပုံများ_