Loading

20 February 2024 _____ Virtual Meeting
၂၀၂၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၀) ရက်၊ နံနက် (၁၀) နာရီတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဘုတ်အဖွဲ့ (Myanmar Tourism Development Board – MTDB) ဖွဲ့စည်းနိုင်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးအား Virtual စနစ်ဖြင့် ကျင်းပရာ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင်များနှင့် ခရီးသွားလုပ်ငန်းတတ်သိပညာရှင် အကြံ‌ပေးတို့ တက်ရောက်ကြသည်။
အစီအစဥ်အရ အထွေထွေအတွင်းရေးမှူးမှ ညှိနှိုင်းဆွေးနွေးရမည့် အချက်များနှင့် ပတ်သက်၍ တင်ပြပြီး အဖွဲ့ချုပ် ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားကာ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဘုတ်အဖွဲ့ (Myanmar Tourism Development Board – MTDB)နှင့်ပတ်သက်၍ ယခင် အစည်းအဝေးမှ ကျန်ရှိသော အရေးကြီးသည့် စီမံခန့်ခွဲမှုဆိုင်ရာ နေရာများ သတ်မှုလျာထားပုံများနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခြင်း၊ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ ဆန္ဒမဲပေးပိုင်ခွင့်နှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခြင်းနှင့် တက်ရောက်သူများမှ လိုအပ်သည်များအား အကြံပြုဆွေးနွေးကြပြီး အစည်းအဝေးအား နံနက် (၁၁)နာရီတွင် ပြီးဆုံးခဲ့သည်။