Loading

8 March 2024 _____ Hybrid Meeting
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ အလုပ်အမှုဆောင်အဖွဲ့ (အ-၃/၂၃-၂၆)၏ နောက်ဆက်တွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား နေ့လယ် (၂း၃၀) နာရီတွင် Hybrid စနစ်ဖြင့် ကျင်းပရာ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ၊ ခရီးသွားလုပ်ငန်းတတ်သိပညာရှင် အကြံပေးတို့ တက်ရောက်ခဲ့ကြသည်။
အခမ်းအနား အစီအစဥ်အရ ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ညီနောင်အသင်းများမှ သက်ဆိုင်ရာအသင်းအလိုက် လုပ်ရှားဆောင်ရွက်မှုများ တင်ပြဆွေးနွေးခြင်း၊ ပြည်ထောင်စုဝန်ကြီး တက်ရောက်ခဲ့သည့် နိုင်ငံတကာခရီးသွားလုပ်ငန်းဆိုင်ရာ Website များတွင် မြန်မာနိုင်ငံဟိုတယ်နှင့် ခရီးသွားကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်ရန်နှင့်ပတ်သက်၍ တင်ပြဆွေးနွေးခြင်း၊ ခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေး (၂/၂၀၂၃) ကြိမ်မြှောက် အစည်းအဝေးဆုံးဖြတ်ချက်များနှင့် စပ်လျဥ်း၍ ပြန်လည်တင်ပြရန် ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခြင်း၊ ဒုတိယဝန်ကြီး၏ လမ်းညွှန်ချက်ဖြစ်သည့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် Road Show ကျင်းပနိုင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးခြင်း၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် Russia Tour Operator Association တို့အကြား MOU လက်မှတ်ရေးထိုးနိုင်ရေးဆွေးနွေးခြင်း၊ China FAM Trip ခရီးစဥ် အောင်မြင်စွာ စီစ်ဆောင်ရွက်နိုင်ရေး ဆွေးနွေးခြင်း၊ ဗဟိုကော်မတီ (၂/၂၀၂၃)ကြိမ်မြှောက် အစည်းအဝေးဆုံဖြတ်ချက် (ဠ) နှင့်ပတ်သက်၍ ပြန်ကြားနိုင်ရန် ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ပတ်သက်၍ ‌ဆွေးနွေးခြင်း၊ ခရီးသွားလုပ်ငန်းဆိုင်ရာလုပ်ငန်းအဖွဲ့များ (Tourism Working Group) ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ ဆွေးနွေးခြင်း၊ Marketing and Promotion ကော်မတီတစ်ရပ် ဖွဲ့စည်းဆောင်ရွက်နိုင်ရန်အတွက် ဆွေးနွေးခြင်း၊ အထွေထွေဆွေးနွေးခြင်းအစီအစဥ်အတွင် ဂျပန်နိုင်ငံ Sherpa Human Resource ကုမ္ပဏီမှ ဟိုတယ်လုပ်ငန်းများအတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဟိုတယ်လုပ်ငန်း အလုပ်သင်စနစ်အဆိုပြုချက် တင်ပြလာခြင်းနှင့် 2024 MTF Meeting Calendar လျာထားချက်တို့အား တက်ရောက်သူများမှ ဆွေးနွေးအကြံပြုကြပြီး ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးအား ညနေ (၅း၄၅)တွင် ပြီးဆုံးခဲ့သည်။