Loading

26 October 2023 _____ MTF (Hybrid)
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (၂၀၂၃ – ၂၀၂၆ ခုနှစ်) အလုပ်အမှုဆောင်အဖွဲ့၏ ပထမအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးအား ယနေ့နံနက် (၁၀) နာရီတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ရုံး၌ လူကိုယ်တိုင်ရော online မှပါ Zoom ဖြင့် တက်ရောက်နိုင်သည့် Hybrid စနစ်ဖြင့် ကျင်းပရာ ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ အလုပ်အမှုဆောင်များနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

အခမ်းအနားအစီအစဥ်အရ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရန်ဝင်းမှ အဖွင့်အမှာစကား ပြောကြားပြီး ဘဏ္ဍာရေးမှူး ဦးသန်းရွှေ မှ ဘဏ္ဍာရေးရှင်းတမ်းအား ရှင်းလင်းတင်ပြကာ အထွေထွေအတွင်းရေးမှူး ဦးသန်းထွဋ်မှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ စီမံခန့်ခွဲရေးကော်မတီ ဖွဲ့စည်းရန်အတွက် အလုပ်အမှုဆောင်များမှ အဆိုပြုတင်သွင်းကြပြီး အများဆန္ဒအရ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းကို အထွေထွေ အတွင်းရေးမှူးမှ ဖတ်ကြားအတည်ပြုခဲ့ပါသည်။ အလုပ်အမှုဆောင်အဖွဲ့သစ်၏ ရှေ့လုပ်ငန်းစဥ်များ အဖြစ် အမြဲတမ်းကော်မတီများနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးလုပ်ငန်းအဖွဲ့ (Working Group) များဖွဲ့စည်းခြင်း နှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးကာ ကျန်ရှိသော ယခင်ညီနောင်အသင်းများ အဖွဲ့ချုပ်တွင် ပြန်လည်ပါဝင်လာရေး တို့ကိုလည်း ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ အထွေထွေဆွေးနွေးခြင်းအစီအစဥ်တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန မှ နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့် Tourism Forum 2023 တွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ကိုယ်စား ဦးသက်လွင်တိုးမှ “The study of the impact of the private tourism institutions in Myanmar beyond 2020” တင်ပြရန် ပြင်ဆင်ထားရှိမှုအား ရှင်းလင်းတင်ပြခဲ့ပြီး ဥက္ကဋ္ဌ ဦးရန်ဝင်းမှ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးအား နေ့လယ် (၂) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။