14 July 2026 ________ Hybrid Meeting
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF) နှင့် CB Bank တို့သည် ခရီးသွားလုပ်ငန်းကဏ္ဍတွင် ဒစ်ဂျစ်တယ်ကူးပြောင်းမှု (Digital Transformation) နှင့် ငွေပေးချေမှုဆိုင်ရာ ဝန်ဆောင်မှုများ ပူးပေါင်းလုပ်ဆောင်ရန် ဇူလိုင်လ (၁၄) ရက်နေ့ မွန်းလွဲ (၁၂း၃၀)တွင် Hybrid စနစ်ဖြင့် ကျင်းပရာ အစည်းအဝေးသို့ CB Bank ၏ Senior Deputy General Manager နှင့် Integrated Marketing Department အကြီးအကဲ ဒေါ်ဥမ္မာအေးနှင့် တာဝန်ရှိသူတစ်ဦးတို့အား အဖွဲ့ချုပ်၏ အသင်းသားရေးရောကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မှ တွေ့ဆုံခဲ့ကြသည်။
အဆိုပါအစည်းအဝေးတွင် အဖွဲ့ချုပ်၏ အသင်းဝင်များအတွက် အသင်းဝင်ကြေးနှင့် အခြားဝန်ဆောင်မှုများကို MMQR စနစ် အသုံးပြု၍ လွယ်ကူစွာ ပေးချေနိုင်ရေး၊ အဖွဲ့ချုပ် Online Platform များတွင် ငွေပေးချေမှုစနစ်များ ချိတ်ဆက်နိုင်ရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြသည်။ CB Bank မှ တာဝန်ရှိသူများက အသင်းသားများအတွက် သက်သာသော ဝန်ဆောင်ခနှုန်းထားများဖြင့် ဆောင်ရွက်ပေးမည့်အပြင်၊ အဖွဲ့အစည်းများအတွက် ပိုမိုမြန်ဆန်သော Checkpoint စနစ်နှင့် စာရင်းစစ်ဆေးရာတွင် လွယ်ကူစေမည့် နည်းလမ်းများကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့အပြင် MSME ခရီးသွားလုပ်ငန်းရှင်များအတွက် Credit Card ထုတ်ပေးခြင်းများ၊ အာမခံဝန်ဆောင်မှုများ (Insurance) နှင့် ချေးငွေဆိုင်ရာ (Loan) ဝန်ဆောင်မှုများကိုလည်း ဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ အဖွဲ့ချုပ်၏ ညီနောင်အသင်းဝင်များအတွက် ဒစ်ဂျစ်တယ်ငွေပေးချေမှုဆိုင်ရာ Webinar များ ပြုလုပ်ပေးရန်နှင့် လူကိုယ်တိုင်တွေ့ဆုံကာ နည်းပညာဆိုင်ရာ ရှင်းလင်းပွဲများ ပြုလုပ်ရန် နှစ်ဦးနှစ်ဖက် သဘောတူညီခဲ့ကြပါသည်။ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုသည် မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍတွင် ပိုမိုကောင်းမွန်ပြီး အဆင်ပြေချောမွေ့သော ငွေပေးချေမှုစနစ်တစ်ခု ပေါ်ပေါက်လာစေရန် ရည်ရွယ်ခြင်းဖြစ်သည်။


