31 August 2026 | Hybrid Meeting
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့၏ (အ-၁၃/၂၃-၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၃၁ ရက်နေ့ နံနက် (၁၀) နာရီတွင် Hybrid စနစ်ဖြင့် ကျင်းပရာ အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ အလုပ်အမှုဆောင်များနှင့် ခရီးသွားလုပ်ငန်းတတ်သိပညာရှင်များ တက်ရောက်ခဲ့ကြသည်။

အစီအစဉ်အရ အဖွဲ့ချုပ်ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားခြင်း၊ အဖွဲ့ချုပ်၏ ဘဏ္ဍာရေးအခြေအနေများကို ဘဏ္ဍာရေးမှူးက ရှင်းလင်းတင်ပြခြင်း၊ ထို့နောက် ယခင်အလုပ်အမှုဆောင်အစည်းအဝေးများ၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ရန်ကျန်ရှိသည့် အခြေအနေများကို ရုံးအဖွဲ့မှူးက ဖတ်ကြားတင်ပြခဲ့သည်။

ဆက်လက်၍ ကြိုတင်ပေးပို့ထားသည့် တင်ပြချက်များနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခြင်း၊ အမြဲတမ်းကော်မတီများ၏ သက်ဆိုင်ရာကော်မတီအလိုက် လှုပ်ရှားဆောင်ရွက်မှုများကို ကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက အသီးသီး တင်ပြဆွေးနွေးခြင်း၊ တက်ရောက်လာသည့် ညီနောင်အသင်းများက ၎င်းတို့၏ လှုပ်ရှားဆောင်ရွက်မှုများနှင့် အခက်အခဲများကို တင်ပြဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

အထွေထွေဆွေးနွေးခြင်းအစီအစဉ်တွင် တက်ရောက်လာကြသူများက လိုအပ်သည်များကို အကြံပြုဆွေးနွေးခဲ့ကြပြီး အဖွဲ့ချုပ်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို နေ့လယ် (၂) နာရီတွင် ရုပ်သိမ်းခဲ့သည်။