Loading

2 November, 2023 ________ MTF
ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ TAT ဖွဲ့စည်းပုံအား စံနမှုနာထား၍ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဘုတ်အဖွဲ့ (MTDB) ဖွဲ့စည်းနိုင်ရေးဆိုင်ရာ ကိစ္စရပ်တို့အား ယမန်နေ့ နံနက် (၁၀)နာရီတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူး၊ တွဲဖက်အထွေထွေအတွင်းရေးမှူးနှင့် အကြီးတန်းအကြံပေး တို့ တက်ရောက်ကြပြီး MTDB ဖွဲ့စည်းနိုင်ရေး ဆွေးနွေးခဲ့ကြသည်။