Loading

6 November 2023 _________ Virtual Meeting
ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ Tourism Authority of Thailand (TAT) ဖွဲ့စည်းပုံအား စံနမူနာထား၍ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဘုတ်အဖွဲ့ (MTDB) ဖွဲ့စည်းနိုင်ရေးဆိုင်ရာ အဆိုပြုချက်တင်ပြနိုင်ရေး ကိစ္စရပ်အား ဒုတိယအကြိမ် အဖြစ် ယမန်နေ့ နေ့လယ် (၂) နာရီတွင် Virtual စနစ်ဖြင့်ကျင်းပရာ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် အထွေထွေအတွင်းရေးမှူး၊ တွဲဖက် အထွေထွေအတွင်းရေးမှူးနှင့် အဖွဲ့ချုပ် အကြီးတန်းအကြံပေးတို့ တက်ရောက်ကြပြီး ဆွေးနွေးခဲ့ကြသည်။