Loading

9 November 2023 ________ Nay Pyi Taw
၂၀၂၃ခုနှစ်၊  နိုဝင်ဘာလ (၉) ရက်နေ့၊ နေပြည်တော်တွင် ကျင်းပသော ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးစာတမ်းဖတ်ပွဲ အခမ်းအနားသို့  မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ဒုတိယ ဥက္ကဋ္ဌ၊ အကြီးတန်းအကြံပေးနှင့် အလုပ်အမှုဆောင်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ အကြီးတန်းအကြံပေး ဒေါ်ကြည်ကြည်အေးမှ “Changing Global Tourism Trends and the Study on the Impact of the Private Tourism Institutions in Myanmar Beyond 2020” ခေါင်းစဥ်ဖြင့် စာတမ်းဖတ်ကြားကာ မြန်မာ့ခရီးသွားလုပ်ငန်း၏ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဖြင့် ခရီးသွားလုပ်ငန်း ပြန်လည် ဦးမော့လာရေး အစီအစဥ်များတွင် ထည့်သွင်းစဥ်းစားသင့်သည့် အချက်အလက်များနှင့် လက်တွေ့ အကောင်အထည်ဖော်နိုင်မှုအတွက် အစိုးရမှ ဦးဆောင်၍ လိုအပ်မည့် ပုဂ္ဂလိက ကဏ္ဍ ပါဝင်မှုများအား ဆွေးနွေးခဲ့ပြီး ပုဂံနှင့် အင်းလေးတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့ စွမ်းအား အရင်းအမြစ်၏ စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် အပျော့စား ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး (Soft skill development)ကို အဓိကထား၍ ဆက်လက်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှ မေးမြန်းချက်များကို အတွေ့အကြုံအရ ပြန်လည်ဖြေကြားခဲ့သည်။