Loading

17 November 2023 _________ Virtual Meeting
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဘုတ်အဖွဲ့ (Myanmar Tourism Development Board – MTDB) ဖွဲ့စည်းပုံအဆိုပြုလွှာ အပြီးသတ်တင်ပြနိုင်ရေး ညှိနှိုင်းအစည်းအဝေးအား ၂၀၂၃ခုနှစ်၊  နိုဝင်ဘာလ (၁၇) ရက်နေ့၊ နေ့နက် (၉း၃၀) နာရီတွင် Virtual စနစ်ဖြင့်ကျင်းပရာ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ တွဲဖက် အထွေထွေအတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင်များနှင့် ဖွဲ့ချုပ် အကြီးတန်းအကြံပေးတို့ တက်ရောက်ပြီး ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဘုတ်အဖွဲ့ (Myanmar Tourism Development Board – MTDB) ဖွဲ့စည်းပုံအဆိုပြုလွှာတွင် ထည့်သွင်း ပါဝင်သင့်သည့်  ကိစ္စရပ်များအား အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။