Loading

30 November 2023 _____ Hybrid Meeting
၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (၃၀) နေ့လယ် (၁) နာရီတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၌ Hybrid စနစ်ဖြင့် အစည်းအဝေးကျင်းပရာ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များ တက်ရောက်ကြသည်။

အစီအစဥ်အရ ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားပြီး ဘဏ္ဍာရေးမှူးမှ ဘဏ္ဍာရေးရှင်းတမ်းအား ရှင်လင်းတင်ပြခြင်းနှင့် ဘဏ္ဍာငွေတိုးပွားရရှိရေးအတွက် လုပ်ဆောင်နိုင်မည့် ရှေ့လုပ်ငန်းစဥ်များအား ဒုတိယ ဥက္ကဋ္ဌမှ ရှင်းလင်းတင်ပြခြင်း၊ အသင်းဝင် အဖွဲ့အစည်းဖြစ်သည့် မြန်မာ့လက်မှုအနုပညာအသင်းအား ညီနောင်အသင်းအဖြစ် လက်ခံနိုင်ရေးနှင့် အလုပ်အမှုဆောင်အဖွဲ့တွင် ပါဝင်ဖွဲ့စည်းနိုင်ရေးဆိုင်ရာကိစ္စတို့အား အဖွဲ့ချုပ်၏ ဖွဲ့စည်းပုံအခြေခံစည်းမျဥ်းအရ ညှိနှိုင်း ဆွေးနွေးကြပြီး အစည်းအဝေးတက်ရောက်လာသော ဗဟိုအလုပ်အမှုဆောင်များအား ကန့်ကွက်မည့်သူ ရှိ မရှိ ၃ ကြိမ်မေးမြန်းပြီး ကန့်ကွက်မည့်သူမရှိသည့်အတွက် အထွေထွေအတွင်းရေးမှုးက အသင်းဝင်အဖြစ် ဖတ်ကြားအတည်ပြုခြင်း၊ ဆက်လက်၍ အဖွဲ့ချုပ်၏ ကော်မတီအသီးသီးမှ လှုပ်ရှားဆောင်ရွက်မှုများအား သက်ဆိုင်ရာကော်မတီအလိုက် တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြခြင်းနှင့် အထွေထွေဆွေးနွေးခြင်း၊ ၄င်းနောက် ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားပြီး ညနေ (၄) နာရီတွင် အစည်းအဝေးပြီးဆုံးခဲ့ပါသည်။