Loading

25 April 2024 _____ MIFFA
၂၀၂၄ ခုနှစ်၊ ဧပြီလ (၂၅)ရက်၊ နေ့လယ် (၁) နာရီတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူး အဖွဲ့ဝင်များသည် မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်များဖြစ်သော ဒေါ်လှလှရီ၊ အတွင်းရေးမှူးနှင့် ဦးသန်းဝင်းအောင်၊ အတွင်းရေးမှူးအဖွဲ့ဝင်များအား သွားရောက်တွေ့ဆုံပြီး Tourism Sector ရှိ ဟိုတယ်လုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများမှ ရရှိလာသည့် နိုင်ငံခြားငွေများကို မိမိ၏ ဘဏ်စာရင်းများတွင် ထားရှိခွင့်ပြုပါရန်နှင့် ပြည်တွင်း၊ ပြည်ပငွေပေးချေမှုများအားလုံးအတွက် Account to Account Transfer ဖြင့်ပေးချေနိုင်ရေးကိစ္စတို့အား MIFFA အသင်းမှ အသေးစိတ်ရှင်းလင်းတင်ပြပြီး အဖွဲ့ချုပ် ကိုယ်စားလှယ်များမှ သိလိုသည်များအား ရင်းနှီးပွင်းလင်းစွာ ဆွေးနွေးခဲ့ပါသည်။