Loading

28 April 2024 _____ MTF
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်(MTF)နှင့် မြန်မာ့ခရီးသွားဘဏ် (MTB)တို့ အတူတကွ စုပေါင်းကျင်းပပြုလုပ်သည့် မြန်မာ့နှစ်သစ်ဦး အန္တရာယ်ကင်းပရိတ်တရားတော်နာယူခြင်း အခမ်းအနားအား ၂၀၂၄ ခုနှစ်၊ ဧပြီလ (၂၈)ရက်၊ နံနက် (၉း၃၀) နာရီတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ အစည်းအဝေးခန်းမတွင်ကျင်းပရာ ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက် ပဓာန နာယက ဆရာတော် ဘဒ္ဒန္တနာရဒါဘိဝံသ (လှရတနာ) အမှူးပြုသော သံဃာတော်အရှင်သူမြတ်များထံမှ ကြွရောက်လာသော ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူး၊ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး၊ အလုပ်အမှုဆောင်များနှင့် ဧည့်ပရိတ်သတ်များ၊ မြန်မာ့ခရီးသွားဘဏ်မှ အမှုဆောင်အရာရှိချုပ်နှင့် တာဝန်ရှိသူများ၊ ဧည့်ပရိတ်သတ်များက ရှေးဦးစွာ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် ပင့်သံဃာတော် အရှင်သူမြတ်တို့က အန္တရာယ်ကင်းပရိတ်တရားတော်များ ဆက်လက်ချီးမြှင့်ပြီး ဣသိဂိလိပရိတ်တရားတော်အား ရွတ်ဖတ်သရဇ္ဈယ်ပူဇော်ပေးကြသည်။
ဆက်လက်၍ ပင့်သံဃာတော် အရှင်သူမြတ်တို့အား အဖွဲ့ချုပ် ဥက္ကဌနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က လှူဖွယ်ဝတ္ထု ပစ္စည်းများကို အသီးသီးဆက်ကပ်လှူဒါန်းကြပြီး ရေစက်သွန်းချ အမျှပေးဝေကာ သာဓု (၃)ကြိမ်ခေါ်ဆို၍ အခမ်းအနားအား ရုပ်သိမ်းလိုက်သည်။