Loading

1 November 2023 _________ MTF
ယနေ့ မွန်းလွဲ ၁၂ နာရီ မိနစ် ၃၀ တွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်သို့ မြန်မာ့လက်မှုအနုပညာအသင်း ဥက္ကဋ္ဌ ဒေါ်အိအိထွေးနှင့် အဖွဲ့ဝင်(၄)ဦးမှ လာရောက်တွေ့ဆုံရာ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှစ်ဦး၊ အထွေထွေအတွင်းရေးမှူးနှင့် တာဝန်ရှိသူများက လက်ခံတွေ့ဆုံပြီး အဖွဲ့ချုပ်သို့ ညီနောင်အသင်းအနေဖြင့် ပါဝင်နိုင်ရေးနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအား တွေ့ဆုံဆွေးနွေးခဲ့ကြသည်။