Loading

September 21, 2023 _________ MTF
ယနေ့ နေ့လည်ပိုင်းတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်သို့ ယူနန် တက်ဟုန်းပြည်နယ်ခွဲ၊ ကုန်သည်ကြီးများအသင်း ဒါရိုက်တာနှင့် အဖွဲ့ဝင်(၄)ဦးမှ လာရောက်တွေ့ဆုံရာ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ တရုတ်ခရီးသွားမြှင့်တင်ရေးအဖွဲ့မှ ဥက္ကဌနှင့် တာဝန်ရှိသူများလက်ခံတွေ့ဆုံပြီး မြန်မာနိုင်ငံနဲ့ ယူနန် တက်ဟုန်းပြည်နယ်တို့အကြား ခရီးသွားလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအား တွေ့ဆုံဆွေးနွေးခဲ့ကြသည်။