21 May 2026 _____ Hybrid Meeting
မေလ သို့မဟုတ် ဇွန်လအတွင်း မြန်မာနိုင်ငံသို့ လာရောက်မည့် ရုရှားရိုက်ကူးရေးအဖွဲ့၏ ၄ ညအိပ် ၅ ရက် ခရီးစဉ်နှင့်ပတ်သက်၍ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ အကူအညီတောင်းခံလာမှုအပေါ် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF) နှင့် ညီနောင်အသင်းများက အွန်လိုင်းစနစ်ဖြင့်ကျင်းပရာ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ အလုပ်အမှုဆောင်များ၊ ညီနောင်အသင်းများမှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ရိုက်ကူးရေးအဖွဲ့အတွက် တည်ခိုနေထိုင်ရေး၊ ကျွမ်းကျင်ဧည့်လမ်းညွှန်များ စီစဉ်ပေးနိုင်ရေးနှင့် ကမ်းခြေဒေသများသို့ သွားရောက်ရိုက်ကူးနိုင်ရေးအတွက် လိုအပ်ချက်များကို အဓိကထား ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ၄ ညအိပ် ၅ ရက် ခရီးစဉ်မှာ ရုရှားရိုက်ကူးရေးအဖွဲ့အတွက် အချိန်တိုလွန်းနေသဖြင့် ခရီးစဉ်ကို ပိုမိုပြည့်စုံစေရန် ရက်တိုးမြှင့် စီစဉ်သင့်ကြောင်းကိုလည်း တက်ရောက်လာသူများက အကြံပြုဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအား နံနက် (၁၁:၀၀) နာရီတွင် ရုပ်သိမ်းခဲ့သည်။

