Loading

5 April 2024 _____ Hybrid Meeting
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အလုပ်အမှုဆောင် အထူးအစည်းအဝေးအား ယမန်နေ့ နံနက် (၁၀) နာရီတွင် ကျင်းပရာ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌများ၊ တွဲဖက်အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် အဖွဲ့ချုပ် ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်လျက်ရှိသည့် မကြာခင်ကျရောက်တော့မည့် မြန်မာ့ရိုးရာ သင်္ကြန်ပွဲစည်ကားစွာကျင်းပနိုင်ရေးအတွက် ဘဏ္ဍာငွေသုံးစွဲမှု လှူဒါန်းငွေထည့်ဝင်ခြင်းများနှင့်ပတ်သက်၍ အဖွဲ့ချုပ်ဥက္ကဋ္ဌမှ ရှင်းလင်းပြောကြားခြင်း၊ ၄င်းနောက် တွဲဖက်အတွင်းရေးမှူးမှ လှူဒါန်းလိုသည့် ပမာဏအား တက်ရောက်လာသော အလုပ်အမှုဆောင်များအား ကန့်ကွက်မည့်သူ ရှိမရှိ (၃)ကြိမ်မေးမြန်းကာ ကန့်ကွက်မည့်သူ မရှိသည့်အတွက် အတည်ပြုချက်ရယူခြင်းနှင့် တက်ရောက်လာကြသူများမှ ဝိုင်းဝန်းအကြံပြုဆွေးနွေးကာ အစည်းအဝေးအား နံနက် (၁၁)နာရီတွင် ပြီးဆုံးခဲ့သည်။