Loading

9 April 2024 _____ Hybrid Meeting
၂၀၂၄ ခုနှစ်၊ ဧပြီလ (၉) ရက်၊ နံနက် (၁၀း၃၀) နာရီတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ အနုညာတနှင့် ဥပဒေရေးရာကော်မတီ၏ (၂/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား Hybrid စနစ်ဖြင့် ကျင်းပရာ ကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ကြပြီး အစည်းအဝေးတွင် အလုပ်အမှုဆောင်များနှင့် အသင်းဝင်များ လုပ်ငန်းများဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံစည်းမျဥ်းနှင့်အညီ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်း၊ ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုသည့် SOPများအား ဖွဲ့စည်းပုံအခြေခံစည်းမျဥ်းနှင့် ကိုက်ညီစေရန်နှင့် အချိန်နှင့်တပြေးညီဖြစ်စေရန် လိုအပ်ချက်များအား ညိနှိုင်းဆွေးနွေးခြင်း၊ ဗဟိုအလုပ်အမှုဆောင်နှင့် အလုပ်အမှုဆောင်များ အဖွဲ့ချုပ် ဖွဲ့စည်းပုံအခြေခံစည်းမျဥ်းပေါ်တွင် ပြင်ဆင်/ဖြည့်စွက်/ အကြံပြုလိုသည့် အချက်များရှိလာပါက ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်း၊ ကော်မတီတွင် ဥပဒေပညာရှင်အား အဖွဲ့ဝင်အဖြစ် ပါဝင်ဖွဲ့စည်းနိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်းတို့အား ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအား နံနက် (၁၁း၄၅)တွင် ပြီးဆုံးခဲ့သည်။