Loading

5 December 2023 _________ Hybrid System
၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ( ၅ ) ရက်နေ့၊ နံနက် (၁၁း၃၀) နာရီတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ နိုင်ငံတကာဆက်ဆံရေးနှင့် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား Hybrid စနစ်ဖြင့် ကျင်းပရာ ကော်မတီ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ကြပြီး အစီအစဥ်အရ ကော်မတီ ဥက္ကဋ္ဌမှ နှုတ်ခွန်းဆက် စကားပြောကြားခြင်း၊ ကော်မတီအဖွဲ့ဝင်များမှ မိတ်ဆက်စကားပြောကြားခြင်း၊ အစီအစဥ်အရ နိုင်ငံတကာနှင့် ပတ်သက်သည့် ဝင်စာ/ထွက်စာများနှင့်ပတ်သက်၍ ဆွေးနွေးခြင်း၊ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလထဲတွင် လာအိုနိုင်ငံ၌ ကျင်းပပြုလုပ်မည့် ASEAN Tourism Forum 2024 သို့ တက်ရောက် ပြသနိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်း၊ နိုင်ငံတကာဆက်ဆံရေးနှင့် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ရှေ့လုပ်ငန်းစဥ်များအား ဆွေးနွေးရာတွင် နိုင်ငံတကာသံရုံးများနှင့် တွေ့ဆုံမည့်ကိစ္စ၊ အခြားသော ပြင်ပအဖွဲ့အစည်းများနှင့် တွေ့ဆုံမည့်ကိစ္စများနှင့် စပ်လျဥ်း၍ ညှိနှိုင်းဆွေးနွေးခြင်းနှင့် တက်ရောက်ကြသူများမှ အထွေထွေဆွေးနွေးခြင်းတွင် ဝိုင်းဝန်း ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။