Loading

5 December 2023 _______ Hybrid System
၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ( ၅ ) ရက်နေ့၊ နံနက် (၁၀) နာရီတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ ဒစ်ဂျစ်တယ်စီးပွားရေးကော်မတီ (၁/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းဝေးအား Hybrid စနစ်ဖြင့် ကျင်းပရာ ကော်မတီ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ကြပြီး အစီအစဥ်အရ ကော်မတီ ဥက္ကဋ္ဌမှ နှုတ်ခွန်းဆက် စကားပြောကြားခြင်း၊ ကော်မတီအဖွဲ့ဝင်များမှ အပြန်အလှန်မိတ်ဆက်စကားပြောကြားခြင်း၊ ဆက်လက်၍ China Working Group မှ ဒစ်ဂျစ်တယ်စီးပွားရေးကော်မတီသို့ www.visitmyanmar.cn ဝက်ဆိုဒ်အား လွှဲပြောင်းပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်း၊ အဆိုပါ ဝက်ဆိုဒ်၏ မှုလအခြေအနေနှင့် လက်ရှိ အသစ်ပြန်လည်တည်ဆောက်ထားရှိမှု အခြေအနေများအား အဖွဲ့ဝင်တစ်ဦးမှ ရှင်းလင်းတင်ပြခြင်းနှင့် ဒစ်ဂျစ်တယ်စီးပွားရေးကော်မတီ၏ ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဥ်များနှင့်ပတ်သက်၍ တက်ရောက်လာသူများမှ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။