Loading

5 January 2024 _______ Hybrid System
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ( ၅ ) ရက်နေ့၊ နေ့လယ် (၂) နာရီတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ ဒစ်ဂျစ်တယ်စီးပွားရေးကော်မတီ (၁/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းဝေးအား Hybrid စနစ်ဖြင့် ကျင်းပရာ ကော်မတီ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ကြပြီး အစီအစဥ်အရ ကော်မတီ ဥက္ကဋ္ဌမှ နှုတ်ခွန်းဆက် စကားပြောကြားပြီး (၁/၂၀၂၃) အစည်းအဝေးတွင် ဆောင်ရွက်ရန်ဆွေးနွေးခဲ့သည့် အချက်များအား အကောင်အထည်ဖော်ဆောင်ပြီးစီးမှုများနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခြင်း၊ အဖွဲ့ချုပ် Website တွင်ဖော်ပြရန် Year round festival နှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခြင်း၊ visitmyanmar.cn ဝက်ဆိုဒ်အဆင့်မြှင့်တင်ရေးအတွက် မူဝါဒသတ်မှတ်ချက်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခြင်း၊ ကော်မတီအဖွဲ့ဝင်များမှ တစ်ဦးချင်း ကျွမ်းကျင်မှုအလိုက် တာဝန်ယူဆောင်ရွက်မည့်လုပ်ငန်းများအား ညှိနှိုင်းဆွေးနွေးခြင်း၊ Website နှင့် Social Media များတွင် ထပ်မံချဲ့ထွင်မည့် Target Marketများအား ညှိနှိုင်းဆွေးနွေးခြင်း၊ ဒစ်ဂျစ်တယ်စီးပွားရေးကော်မတီမှ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ အတွက် လိုအပ်သည့် Budgetအား ဘဏ္ဍာရေးကော်မတီသို့ တင်ပြနိုင်ရေးဆွေးနွေးခြင်းနှင့် အထွေထွေဆွေးနွေးခြင်းအစီအစဥ်တွင် တက်ရောက်ကြသူများမှ ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး အစည်းအဝေးအား ညနေ (၄း၃၀) နာရီတွင် ပြီးဆုံးသည်။