Loading

28 November 2023 ______ Virtual Meeting
၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်နေ့၊ နံနက် (၁၀း၃၀) နာရီတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ ဘဏ္ဍာရေးကော်မတီ၏ (၁/၂၀၂၃) လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား Virtual စနစ်ဖြင့် ကျင်းပရာ ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ကြပြီး အစီအစဥ်အရ ကော်မတီဥက္ကဋ္ဌမှ အမှာစကားပြောကြားခြင်း၊ ကော်မတီအဖွဲ့ဝင်များမှ အပြန်အလှန်မိတ်ဆက်စကားပြောကြားခြင်း၊ ဆက်လက်၍ ကော်မတီ ဒုတိယဥက္ကဋ္ဌမှ အဖွဲ့ချုပ်၏ ဘဏ္ဍာရေးအခြေအနေများအား ရှင်းလင်းတင်ပြခြင်း၊ အဖွဲ့ချုပ်၏ ဘဏ္ဍာငွေတိုးပွားရရှိရေးအတွက် ရှေ့လုပ်ငန်းစဥ်များအား တက်ရောက်ကြသူများမှ ဝိုင်းဝန်းဆွေးနွေး အကြံပေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။